ပဲရည်လိုက် ရွှေဈေး

ပဲရည်လိုက် ရွှေဈေး

ကျပ်၊ ပဲ၊ ရွေး အလိုက် ရွှေဈေးနှုန်းနှင့် အလေးချိန်ကို တိကျစွာ တွက်ချက်ရန်။

ရွှေရည်အမျိုးမျိုးအလိုက် ဈေးတွက်ခြင်း

မြန်မာနိုင်ငံတွင် ရွှေကို ပဲရည် (၁၂ ပဲရည်မှ ၁၆ပဲရည်အထိ) နှင့် ၁၄ပဲ၆ပြား ကဲ့သို့သော အခြားစံနှုန်းများဖြင့် အမျိုးမျိုး ရောင်းဝယ်ကြပါသည်။ အခေါက်ဈေးမှ အခြားပဲရည်လည်းကောင်း (သို့မဟုတ်) ကိုယ်သိသောပဲရည်ဈေးမှ အခေါက်နှင့် အခြားအရည်ဈေးကိုလည်းကောင်း တွက်နိုင်ပါသည်။

အသုံးပြုနည်း

  1. 1အတွင်းစပ် သို့မဟုတ် အပြင်စပ် ကို ရွေးပါ။
  2. 2ခုဂဏန်းထိတိကျလိုပါက 0ရွေးပါ။ ဆယ်ဂဏန်းအတွက် 1၊ ရာဂဏန်းအတွက် 2၊ ထောင်ဂဏန်းတွင်ဖြတ်ချလိုပါက 3 ရွေးပါ။
  3. 3အခေါက် ဈေးဖြစ်စေ၊ အခြားပဲရည်တစ်ခုခုဖြစ်စေ ဈေးနှုန်းကို ရိုက်ထည့်ပါ။
  4. 4ကျန်ပဲရည်ကိုက်အားလုံး၏ ဈေးနှုန်းများကို အလိုအလျောက် ချက်ချင်း တွက်ပေးမည်။
  5. 5ရလာဒ်ကို သိမ်းထားရန် Save ကိုနှိပ်ပါ။ အစကပြန်စရန် Reset နှိပ်ပါ။

တွက်ချက်ပုံ

ပဲရည် x ၏ ဈေးနှုန်းကို ၁၆ပဲရည်ဈေးအပေါ် ရာခိုင်နှုန်းအချိုးဖြင့် တွက်ချက်ပါသည် — အတွင်းစပ်စနစ်တွင် ရာခိုင်နှုန်းသည် x ကို ၁၆ဖြင့် စားထားခြင်းဖြစ်ပြီး၊ အပြင်စပ်စနစ်တွင် ၁၆ ကို (၃၂-x) ဖြင့် စားထားသည့် ရိုးရာဖော်မြူလာကို သုံးပါသည်။

အတွင်းစပ်: ပဲရည် x ဈေး = ၁၆ပဲရည်ဈေး × (x ÷ 16)
အပြင်စပ်: ပဲရည် x ဈေး = ၁၆ပဲရည်ဈေး × (16 ÷ (32 − x))

အမေးများသောမေးခွန်းများ

အတွင်းစပ်နှင့် အပြင်စပ် ဘာကွာလဲ

ရွှေရေစပ်အတွက် ရိုးရာနည်းလမ်းနှစ်မျိုးဖြစ်ပြီး၊ ပဲရည်တစ်ခုချင်းစီ၏ ရွှေရာခိုင်နှုန်းကို တွက်ချက်မှုမတူပါ — ထို့ကြောင့် တူညီသော ၁၆ပဲရည်ဈေးမှ ဆင်းသက်လာသော် ပဲရည်နိမ့်စာစီ ဈေးနှုန်းများ ကွာဟနိုင်ပါသည်။ ဆိုင်တစ်ဆိုင်ချင်းစီ အသုံးပြုသော နည်းစနစ် မတူနိုင်သဖြင့် သင့်ဆိုင်နှင့် ကိုက်ညီသော စနစ်ကို ရွေးပါ။

ဂဏန်းလုံးဝိုင်းချက် (0,1,2,3) ဆိုတာ ဘာလဲ

ခု ဆယ် ရာ ထောင် ဂဏန်းအထိ ကိုယ်ဖြတ်ချချင်သော အပိုင်းကို ရွေးရန်ဖြစ်ပါသည်။ ကွန်ပျူတာတွက်ချက်မှုများက ခုဂဏန်းထိပြသော်လည်း အကြမ်းတွက်လိုသူများ အတွက် မျက်စိမရှုပ်ရန် ပေးထားသော ဆက်တင် တစ်ခုဖြစ်ပါသည်။

ဤစာမျက်နှာသည် ရွှေဈေးနှုန်းတရားဝင် ကြေညာချက် (သို့) ရွှေရောင်းဝယ်ရေး ဝန်ဆောင်မှုတစ်ခု မဟုတ်ပါ — ခန့်မှန်းတွက်ချက်ရန် ပညာရေးရည်ရွယ်ချက် ကိရိယာတစ်ခုသာ ဖြစ်ပါသည်။ တွက်ချက်မှု ရလဒ်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ၎င်းမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှု တစ်စုံတစ်ရာအတွက် အသုံးပြုသူ ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပြီး၊ ဤဝဘ်ဆိုက်မှ တာဝန်ယူမည် မဟုတ်ပါ။