ရွှေဈေးတွက်

ရွှေဈေးတွက်

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်မူတည်ပြီး ပြည်တွင်းရွှေဈေးကို ခန့်မှန်းတွက်ချက်ရန်။

ကမ္ဘာ့ရွှေဈေးဖြင့် မြန်မာ့အခေါက်ဈေးတွက်ကြည့်ခြင်း

ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာဖြင့် အမြဲ ပြောင်းလဲနေပြီး၊ မြန်မာနိုင်ငံအတွင်း ရွှေဈေးကို ဒေါ်လာ-ကျပ်နှုန်းအရ တွက်ချက်ကြည့်နိုင်ပါသည်။ အသုံးပြုသူက ဒေါ်လာ-ကျပ်နှုန်းကို ဖြည့်ပေးမှသာ အဖြေရမည်ဖြစ်ပါသည်။

အသုံးပြုနည်း

  1. 1စနစ်ဟောင်း စနစ်သစ် ရွေးပါ။
  2. 2ကမ္ဘာ့ရွှေဈေး (USD/oz) ကို စစ်ဆေးပါ — အလိုအလျောက် ရယူထားပြီးသားဖြစ်သော်လည်း ပြင်ဆင်နိုင်သည်။
  3. 3ဒေါ်လာဈေးကို တိုက်ရိုက် (USD → Ks) ဖြင့်ဖြစ်စေ၊ ဘတ်ဈေးမှတစ်ဆင့် (USD → ฿ → Ks) ဖြင့်ဖြစ်စေ ထည့်ပါ။
  4. 4ဈေးကွက်အခြေအနေအရ လိုအပ်ပါက ဈေးကွာ ပမာဏကို ပေါင်း/နုတ် ရွေးချယ်ပြီး ထည့်ပါ။
  5. 5အပေါ်ဆုံးရလဒ်ပြကွက်တွင် ခန့်မှန်း အခေါက်ရွှေဈေးကို တွေ့ရပါမည်။
  6. 6ရလာဒ်ကို သိမ်းထားရန် Save ကိုနှိပ်ပါ။ အစကပြန်စရန် Reset နှိပ်ပါ။

တွက်ချက်ပုံ

ကမ္ဘာ့ဈေး (USD/oz) ကို အောက်ပါ ပိုင်းခြေဖြင့် စား၍ တစ်ကျပ်ဈေးအဖြစ် ပြောင်းလဲနိုင်ပါသည် — စနစ်ဟောင်းအတွက် ~1.875, စနစ်သစ်အတွက် ~1.90476 (နှစ်စနစ်၏ ကျပ်ရွှေအလေးချိန် သတ်မှတ်ချက် ကွဲပြားမှုကြောင့် ဖြစ်ပါသည်)။

ခန့်မှန်းဈေး = (ကမ္ဘာ့ဈေး × ဒေါ်လာဈေး) ÷ 1.875 (သို့) 1.90476 ± ဈေးကွာ

အမေးများသောမေးခွန်းများ

ဈေးကွာ (ပေါင်း/နုတ်) ဆိုတာ ဘာလဲ

ကမ္ဘာ့ဈေးနှင့် ဒေါ်လာနှုန်းအတိုင်း အတိအကျ တွက်ထားသော ဈေးသည် စျေးကွက်ရှိ တကယ့်ရောင်းဈေးနှင့် အနည်းငယ် ကွာနိုင်ပါသည် (သယ်ယူပို့ဆောင်ခ၊ ပွဲစားခ၊ ဒေသအလိုက် ဝယ်လိုအားစသည်တို့ကြောင့်)။ ဈေးကွာသည် ထိုကွာဟမှုကို ကိုယ်တိုင် ချိန်ညှိနိုင်ရန် ထားပေးထားသော ရွေးချယ်ခွင့်ဖြစ်ပြီး၊ မထည့်လိုပါက ဗလာချန်ထားနိုင်ပါသည်။

ဤဈေးသည် အတိအကျ ဈေးနှုန်းလား

မဟုတ်ပါ — ကမ္ဘာ့ရွှေဈေးနှင့် လက်ရှိလဲလှယ်နှုန်းအပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက်ပေးသည့် ကိရိယာသာဖြစ်ပြီး၊ တကယ့်ဆိုင်ခန့်မှန်းဈေးအဖြစ် မှီခိုအားထားရန် မသင့်ပါ။ တိကျသောဈေးအတွက် ဒေသတွင်းရွှေဆိုင်များနှင့် စစ်ဆေးပါ။

ဤစာမျက်နှာသည် ရွှေဈေးနှုန်းတရားဝင် ကြေညာချက် (သို့) ရွှေရောင်းဝယ်ရေး ဝန်ဆောင်မှုတစ်ခု မဟုတ်ပါ — ခန့်မှန်းတွက်ချက်ရန် ပညာရေးရည်ရွယ်ချက် ကိရိယာတစ်ခုသာ ဖြစ်ပါသည်။ တွက်ချက်မှု ရလဒ်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ၎င်းမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှု တစ်စုံတစ်ရာအတွက် အသုံးပြုသူ ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပြီး၊ ဤဝဘ်ဆိုက်မှ တာဝန်ယူမည် မဟုတ်ပါ။